သရက် ၊ ၂၇  ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ မွန်းတည့်(၁၂)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးစတင်ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးလက်အောက် ရှိ အောင်လံမြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှဝန်ထမ်း(၅၆)ဦးအား စတင်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ရက်သတ္တပတ်(၄)ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ဝန်ထမ်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အောင်လံမြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်ထံမှ သိရသည်။
 
ဇော်ဝမ်းထွန်း(အောင်လံ)