၂၇ ဇန်နဝါရီ
ဂျပန်အစိုးရက တိုကျိုနှင့် အခြားဒေသများတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်ပြီး အခြေအနေ တိုးတက်မှု မရှိပါက အရေးပေါ် အခြေအနေ သက်တမ်းတိုးမြှင့် ချမှတ်နိုင်ချေ ရှိသည်ဟု ဂျပန်နိုင်ငံ တာဝန်ရှိသူများက ဆိုသည်။
တိုကျို အပါအဝင် စီရင်စု ၁၁ ခုတွင် လက်ရှိ ချမှတ်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ အရေးပေါ် အခြေအနေကို ဖေဖော်ဝါရီ ၇ ရက်အထိ တိုးမြှင့်နိုင်ကြောင်း ဖော်ပြထားသည်။
ကိုဗစ်-၁၉ ဆိုင်ရာ အရေးပေါ် အခြေအနေကို ဇန်နဝါရီ ၇ ရက်တွင် စတင်ချမှတ်ခဲ့ပြီးနောက်ပိုင်း နေ့စဉ်ရောဂါ ကူးစက်မှုနှုန်း ဖြည်းဖြည်းချင်း ကျဆင်းလာသော်လည်း ရောဂါကူးစက်မှုနှုန်း ကျဆင်းမှု နှေးကွေးလာသော်လည်း သက်ကြီးရွယ်အိုများတွင် ရောဂါကူးစက်မှု မြင့်မားလာသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးဆိုင်ရာ တာဝန်ခံဝန်ကြီး နစ်ချီမူရာ ယာစုတိုချီ က ထိုအရေးပေါ် အခြေအနေကို ကြေညာရန် တိကျသော အချိန်တစ်ခုတွင် အစိုးရက ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်ကြောင်း လွှတ်တော်တွင် ယမန်နေ့က ပြောကြားသည်။
အဆိုပါ ချမှတ်ထားသော အရေးပေါ် အခြေအနေ သက်တမ်း ကုန်ဆုံးမည့်နေ့ မတိုင်မီ ချက်ချင်း ချမှတ်ပါက ရှုပ်ထွေးမှု ဖြစ်စေနိုင်သည်ဟု ၎င်းက ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို