ရန်ကုန်၊ ၂၇ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၇ ရပ်ကွက် ဗိုလ်အောင်ကျော် လမ်းမကြီး၊ ပိတောက်မြိုင်ဈေး(မီးခွက်ဈေး)ရှေ့ရှိ ကျူးကျော်အထည်ဆိုင်တန်း ဇန်နဝါရီ ၂၇ ရက် နံနက် ၁ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားသည်။
မီးလောင်ရာသို့ မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးစိုးသူတို့က မီးသတ်ယာဉ် ငါးစီး၊ ရေသဉ်ယာဉ် သုံးစီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၅၀ နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၀ တို့ဖြင့် ငြှိမ်းသတ်ရာ နံနက် ၂ နာရီ ၇ မိနစ်တွင် မီးငြိမ်းသွားသည်။
မီးလောင်ရခြင်းအကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က နံနက် ၁၀ နာရီတွင် စစ်ဆေးလျက်ရှိပြီး အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သန်းဦး