၂၇  ဇန်နဝါရီ

 

 

အာဖဂန်နစ္စတန် နိုင်ငံတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် သီးခြားစီ ဖြစ်ပွားခဲ့ရာ လူ သုံးဦး သေဆုံးပြီး အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

 

 

မြို့တော် ကဘူးလ်တွင် ယမန်နေ့ မနက်ပိုင်းက အမှတ် (၁၅ ) ရဲစခန်းရှိ ပစ်ကပ်ထရပ်ကား တစ်စီးအား လမ်းဘေးဗုံးတစ်လုံး ထိမှန်ခဲ့သဖြင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူ နှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဒရတ် ဖာရာမတ်ဇ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ယူဇ်ဂန်ပြည်နယ် တောင်ပိုင်းတွင် ယမန်နေ့ ညပိုင်းက အလားတူ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူ နှစ်ဦးနှင့် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၁၀ ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။

 

 

ထိုဗုံးပေါက်ကွဲမှုကြောင့် ပြည်နယ်မြို့တော် တီရင်ကော့ရှိ အမှတ်(၁) ရဲစခန်းရှိ ပစ်ကပ်ထရပ် ကားတစ်စီး ပျက်စီးသွားခဲ့သည်ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး အိုမာရှာဇက် က သတင်းထောက်များကို ပြောကြားသည်။ ဒဏ်ရာရသူများသည် ပြည်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြသည်။

 

 

အဆိုပါ ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ ဝန်ခံပြောကြားခြင်း မရှိသော်လည်း အာဖဂန် တာဝန်ရှိသူများကမူ မကြာသေးမီလများက ဗုံးပေါက်ကွဲမှုများအတွက် တာလီဘန် စစ်သွေးကြွ အုပ်စုကို ဝေဖန်ပြစ်တင်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို