တီးတိန် ၊ ၂၇ ဇန်နဝါရီ     
 
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက ကျန်းမာရေးဝန်ထမ်း ၄၆၉ ဦးအား သတ်မှတ်ထားသည့် စုရပ်နှစ်နေရာတွင် စတင်ထိုးနှံ ကြောင်း သိရသည်။

ထိုးနှံရာတွင် တီးတိန်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)