စစ်တွေ၊   ၂၈   ဇန်နဝါရီ     

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ မကျဉ်းမြိုင်အကွက်(၉)ရပ်ကွက်၌ ကြက်မွေးမြူရေးအရောင်းဆိုင်တစ်ဆိုင်နှင့် လူနေအိမ်ငါးလုံးတို့ ဇန်နဝါရီ ၂၇ ရက်နေ့ ည  ၉ နာရီ မိနစ်၂၀ က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့  ပြည်နယ်၊ စစ်တွေခရိုင်၊ မြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၀ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး စုစုပေါင်း ၇၅ ဦး နှင့် မီးသတ်ယာဉ် ရှစ် စီးတို့ဖြင့် မီးလောင်ပြင်သို့ သွားရောက်ပြီး မီးငြှိမ်း သတ်ကာ ၉ နာရီ မိနစ် ၅၀ တွင် မီးလုံးဝငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအကြောင်းအရင်းမှာ ကြက်မွေးမြူရေးအရောင်းဆိုင်တွင် ရေနွေးအိုးတည်ထားသည့် ထင်းမီးဖိုမှ အနီးရှိ ဝါးထရံကာသို့ မီးကူးစက်ပြီး စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် ဦးအာလီ အား စစ်တွေမြို့ မင်းဂံနယ်မြေရဲစခန်းမှ  အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)