ကွန်ဟိန်း၊ ၂၈ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ကွန်ဟိန်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (၁၀)လုံးလက်ခံရရှိပြီး ဆေးတစ်လုံးလျှင် လူ ၁၀ ဦး ထိုးနှံရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေးဌာနမှ ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၉၂ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပထမအကြိမ် ထိုးနှံပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ဗဟိုမှ သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ဟေမာမျိုး(ပြန်/ဆက်)


