နမ္မတူ၊   ၂၈   ဇန်နဝါရီ
           
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊    နမ္မတူမြို့နယ်ပြည့်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်း ၁၅၀ ကျော်ကို ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီခန့်က စတင်ကာ စုရပ်နှစ်ခု၌ ကာကွယ်ဆေးထိုးနေရာ ၄ နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်ထံက သိရသည်။

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုနှင့် အောက်ဆီဂျင်တိုင်းတာပေးခြင်း ဆောင်ရွက်ပြီးမှ ကာကွယ်ဆေးထိုးပေးမှာဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးပြီးပါက နာရီဝက်ခန့် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း၊ နောက် (၄)ပတ်ခြားပြီး ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးနှံပေးမှာဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူဆေးရုံအုပ် ဒေါက်တာအောင်သူထက်ထံက သိရှိရသည်။

လူမော် (ပြန်/ဆက်)