၂၈ ဇန်နဝါရီ 

 

 

ဗြိတိန်ဆေးဝါး ကုမ္ပဏီဖြစ်သည့် AstraZeneca သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဂျပန်နိုင်ငံတွင် ထုတ်လုပ်ရန် စီစဉ်လျက် ရှိသည်။

 

 

ဒီဇင်ဘာလအတွင်း AstraZeneca ကုမ္ပဏီ အနေဖြင့် ဂျပန်နိုင်ငံအား ကာကွယ်ဆေး အလုံးရေ သန်း၁၂၀ ပေးပို့ရန် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

 

 

လာမည့် မတ်လအတွင်း ဂျပန်နိုင်ငံကို ဆေးအလုံးရေ သန်း ၃၀ ပေးပို့ရန် မျှော်လင့်လျက်ရှိသည်။

 

 

AstraZeneca သည် ဂျပန်နိုင်ငံအား ပေးရန်ရှိသည့် ဆေးအရေအတွက် ပိုမိုမြန်ဆန်စေရန်အတွက် ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် ရှိသည့် ဆေးဝါး ထုတ်လုပ်သည့် ကုမ္ပဏီတွင် ကာကွယ်ဆေး ထုတ်လုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း AstraZeneca က ပြောကြားခဲ့သည်။

 

 

AstraZeneca ကာကွယ်ဆေးကို ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုပြီးနောက် ကာကွယ်ဆေး သန်း ၉၀ ကို ဂျပန်နိုင်ငံသို့ ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

 

 

ဉရောပ နိုင်ငံများနှင့် အခြားသော နိုင်ငံများကို ကာကွယ်ဆေး ဖြန့်ချိပေးရန် အချိန်နောက်ကျသဖြင့် အနေဖြင့် ဂျပန်နိုင်ငံတွင် ကာကွယ်ဆေး အချိန်မီပေးနိုင်ရန် AstraZeneca က ရည်ရွယ်လျက် ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn