၂၈ ဇန်နဝါရီ
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စတင်ဖြစ်ပေါ်လာပုံကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ နိုင်ငံတကာ ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်တော့မည် ဖြစ်သည်။
အဆိုပါ အဖွဲ့သည် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်သို့ ဇန်နဝါရီလ ၁၄ ရက်နေ့က စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ အဖွဲ့သည် တရုတ်နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် quarantine နေထိုင်လျက် ရှိသည်။
အဆိုပါ အဖွဲ့သည် ကြာသပတေးနေ့တွင် quarantine ကာလ ပြည့်မီဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို အပြည့်အဝ ပြုလုပ်နိုင်ရန် မျှော်လင့်လျက်ရှိသည်။
အဆိုပါ အဖွဲ့သည် ကိုဗစ်-၁၉ လူနာများနှင့် ဆက်စပ်နေသည့် ပင်လယ်စာဈေးနှင့် ဝူဟန်မြို့၏ ရောဂါဗေဒ ဓာတ်ခွဲခန်းတို့ကို စစ်ဆေးရန် စီစဉ်ထားလျက်ရှိသည်။ အမေရိကန် အရာရှိများကမူ ကိုရိုနာဗိုင်းရပ်စ်သည် အဆိုပါ ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်များ စိမ့်ထွက်ခဲ့ဖွယ်ရှိကြောင်း ယူဆလျက်ရှိသည်။
ဗိုင်းရပ်စ်ပိုးသည် မည်သည့်နေရာမှ ပေါ်ပေါက်ခဲ့ပြီး လူအများသို့ မည့်သို့ ကူးစက်ခဲ့ရပုံနှင့် ပတ်သက်ပြီး ဆေးပညာရှင်များနှင့် တွေ့ဆုံမေးမြန်းရန် အဆိုပါအဖွဲ့မှ စီစဉ်ထားသည်။
ဗိုင်းရပ်စ် ပျံ့နှံ့မှုဖြစ်ပေါ်လာပြီး တစ်နှစ်ပြည့်မြောက်သည့် အချိန်တွင် ဗိုင်းရပ်စ် ပျံ့နှံ့မှု၏ မူလအစကို ဖော်ထုတ်ရန် WHO တာဝန်ရှိသူများက သံသယဖြစ်လျက်ရှိကြသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်