တနင်္သာရီ၊   ၂၈   ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာ၊ တိုင်းရင်းဆေးကုဌာနတို့၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းစုစုပေါင်း ၁၆၂ ဦး ရှိသည့်အနက် မြို့နယ်ဆရာဝန်ကြီးအပါအဝင် ၉၃ ဦးအား ဇန်နဝါရီ ၂၇ ရက်က ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတိုးချဲ့ဆေးရုံအတွင်းတွင် ကိုဗစ်ကာကွယ်ဆေးကိုထိုးနှံပေးပြီးဖြစ်သဖြင့် ကျန်သည့် ကျန်းမာရေးဝန်ထမ်းများကို  ယနေ့ ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီမှစ၍ ဘေးကင်းစွာ ဆက်လက်ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရှိရသည်။

 

တနင်္သာရီမြို့နယ်အတွင်း ကုတင် ၅၀ ဆံ့ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ၃ရုံ၊ ကျေးလက် ကျန်းမာရေး ဌာန ၄ ခု၊  ကျေးလက်ကျန်းမာရေးဌာနခွဲ(၂၄)ခု၊  မြို့နယ်မိခင်နှင်ကလေးကျန်းမာရေး ဌာန(တစ်)ခုနှင့် မောတောင်မြို့ဆေးပေးခန်း(တစ်)ခု၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းများပါ စုစုပေါင်းဝန်ထမ်း ၁၆၂ ဦးရှိရာ ခရီးကွာဝေးလှသည့် တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ဆရာဝန်များနှင့်ဆရာ/ဆရာမများ ၉၃ ဦးကို ဦးစားပေးအစီအစဉ်ဖြင့် ဇန်နဝါရီ ၇ ရက်က ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံနှင့်ခရီးနီးသော ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ဆရာ/ဆရာမများကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ (ဒုတိယ)နေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်းထံမှ သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)