လိုင်လင်းပီ၊ ၂၈ ဇန်နဝါရီ

 

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၁၀ ဒသမ ၅၅၀ ဖြင့် မြို့တွင်း လမ်းမီးများ တပ်ဆင်ခြင်းကို ဇန်နဝါရီ ၂၇ ရက်မှစ၍ မြို့လျှပ်စစ်မှူးရုံးမှ တပ်ဆင်လျက်ရှိသည်။

 

မြို့တွင်းလမ်းမီးများ တပ်ဆင်ရာ၌ အဓိကလမ်းမကြီးများကို ဦးစားပေးစနစ်ဖြင့်လည်းကောင်း ထို့နောက် လမ်းမီးမရရှိသေးသည့် နေရာများကို ဆက်လက် တပ်ဆင်ပေးကြမည်ဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် လမ်းမီးအလုံးရေ ၁၀၀ တပ်ဆင်မည် ဖြစ်သည်။

 

လိုင်လင်းပီမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ လမ်းမီးအလုံးရေ စုစုပေါင်း ၅၀ ကို တပ်ဆင်နိုင်ခဲ့ပြီးဖြစ်ရာ ယခုဘဏ္ဍာနှစ်တွင် လမ်းမီးများ တပ်ဆင်ပြီးစီးသွားပါက လမ်းမီးရရှိမှုအနေဖြင့် တစ်မြို့လုံး လွှမ်းခြုံနိုင်တော့မည်ဟု မြို့လျှပ်စစ်မှူးရုံး တာဝန်ခံ ဦးဆက်ကျုံးလျန်က ပြောပြသည်။

 

ယာကမ်(ပြန်/ဆက်)