၂၈ ဇန်နဝါရီ

 

 

တရုတ်နိုင်ငံမြို့တော် ပေကျင်းရှိ တာဝန်ရှိသူများက အားလပ်ရက် ခရီးသွားရာသီ မတိုင်မီ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ထိန်းချုပ်ရန် ကန့်သတ်ချက်များ ထပ်မံချမှတ်ခဲ့သည်။

 

 

ပေကျင်းမြို့ရှိ အာဏာပိုင်များသည် မြို့တော်အတွင်းသို့ ဝင်ရောက်ခြင်းကို မတ်လ ၁၅ ရက်အထိ တင်းကျပ်စွာ ကန့်သတ်ထားသည်။

 

 

အထူးသဖြင့် တရုတ်နိုင်ငံရှိ အခြားဒေသများမှ ပေကျင်းသို့ လာရောက်မည့်သူများ အနေဖြင့် မကြာသေးမီက စမ်းသပ်စစ်ဆေးထားသည့်  ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်ကြောင်း ပီစီအာ ဆေးစစ်ချက်ပြရန် လိုအပ်သည်။

 

 

ပေကျင်းသို့ ရောက်ရှိလာပြီး သီတင်းနှစ်ပတ် အကြာတွင် ၎င်းတို့၏ ကျန်းမာရေး အခြေအနေကိုလည်း အကြောင်းကြားရမည်ဖြစ်ပြီး အခြားသော သီတင်းပတ်တိုင်းတွင် ပီစီအာ စစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။

 

 

ကူးစက်မှု မြင့်မားသော ဒေသများမှ လာသူများကို မြို့တော်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

 

 

ပေကျင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေသည်ကို မကြာသေးမီကပင် မြင်တွေ့ခဲ့ရသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို