မြိုင်၊ ၂၈ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ဆောင်ရွက်ခဲ့သည်။

မြိုင်မြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်း(၂၈၁)ဦးတို့ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မျက်စိအထူးကုဆရာဝန်ကြီး ‌ဒေါက်တာသိန်းမြင့်ဦးဆောင်၍ မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှဝန်ထမ်း ၁၀၀ ဦအား ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းတွင် စတင်ထိုးနှံပေးခဲ့ပြီး  ကျန်ရှိနေသောကျန်မာရေးဝန်ထမ်းများ ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများအား ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် အပြီး ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောပြသည်။ ယခုထိုးနှံပေးသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တပတ်(၄)ပတ်ခြား၍ နှစ်ကြိမ်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမဦးစားအနေဖြင့် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

သူရ(ပုံတောင်)