ဆွမ်ပရာဘွမ်၊  ၂၈  ဇန်နဝါရီ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀နာရီခွဲမှစတင်၍ ဆွမ်ပရာဘွမ်မြို့နယ် ပြင်ပလူနာစောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကုသရေးဦးစီးဌာနမှ ဝန်ထမ်း ၂၁ ဦး ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း ၈ ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၃၀ ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း ၊ ကာကွယ်ဆေး ထိုးနှံပြီး၍ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီ ကုသစစ်ဆေးခြင်း ဆောင်ရွက်နိုင်ရန် အတွက် ကျန်းမာရေးဆိုင်ရာ ပြင်ဆင်မှုများလည်း ဆောင်ရွက်ထားရှိကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ထွန်းက ပြောကြား ခဲ့သည်။

အဆိုပါဆေးထိုးခြင်းကို ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကုဋေ (ပြန်/ဆက်)