နေပြည်တော်၊ ၂၈ ဇန်နဝါရီ
တွံတေးတူးမြောင်း ဖြတ်ကျော် ၃၃ ကေဗွီ ကောင်းကင်ဓာတ်အားလိုင်း ဆွဲခြင်းလုပ်ငန်းကို တွံတေးတူးမြောင်း မိုင်တိုင် ၉ ဒသမ ၅ မိုင်နှင့် ၁၀ မိုင်အကြားတွင် ဇန်နဝါရီ ၃၀ ရက် မှ ၃၁ ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ဆောင်ရွက်မည်ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းခွင်၏ အထက်နှင့်အောက်ဘက်ရှိ တူးမြောင်း အတွင်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ရေယာဉ်များဖြင့် စောင့်ဆိုင်းပြီး ရေလမ်းခေတ္တပိတ်ထားမည် ဖြစ်သည်။ တွံတေးတူးမြောင်းကို ဖြတ်သန်းမည့် ရေယာဉ်များသည် လုပ်ငန်းခွင်မှ လွတ်ကင်းရာတွင် ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ခွင့်ပြုမှသာ လုပ်ငန်းခွင်ကို ဖြတ်သန်း ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်း သိပေးနှိုးဆော်ချက်ထုတ်ပြန်ထားကြောင်း သိရသည်။
(သတင်းစဉ်)


