ကမမောင်း၊ ၂၈ ဇန်နဝါရီ 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ တိုက်နယ်ဆေးရုံ၌ ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေးသည်။

COVID-19 ရောဂါ ကာကွယ်ဆေးကို ကမမောင်းတိုက်နယ်ဆေးရုံ၊ ကမမောင်း ကျေးလက် ကျန်းမာရေးဌာန၊ ဝါကော်ကျေးလက်ကျန်းမာရေးဌာန၊ ကတိုင်တိကျေးလက်ကျန်းမာရေးဌာနတို့မှ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၄၇ ဦးအား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ရက်သတ္တပတ် လေးပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရမည်ဖြစ်ကြောင်း ကမမောင်းတိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာဆုရဲထက် ထံမှသိရသည်။

ကမမောင်း(ပြန်/ဆက်)