ရပ်စောက်၊ ၂၈    ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြသည်။
    
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၆၅ ဦးအား အုပ်စု နှစ်စုခွဲ၍ တစ်နေ့တည်း အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်း ငါးဦး၊ တိုင်းရင်းဆေး ကုသရေးဦးစီးဌာနမှ ဝန်ထမ်း သုံးဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ဝန်ထမ်း နှစ်ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်း နှစ်ဦးအပြင် ရပ်ကွက်/ ကျေးရွာ မှ Volunteer ၁၃ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးပေးခဲ့ပြီး စုစုပေါင်း ၁၉၀ ကို တစ်နေ့တည်း ထိုးနှံပေးခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံခြင်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)