ကလော၊  ၂၈ ဇန်နဝါရီ     

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( COVISHIELD ) ထိုးနှံခြင်းကို ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က  မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊  အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်များနှင့်အညီ ကလောမြို့နယ်ကျန်းမာရေး ဦးစီးဌာနရှိ ကလောမြို့ပြည်သူ့ဆေးရုံ၊အောင်ပန်းမြို့ ကျန်းမာရေးဌာနခွဲ၊ ဟဲဟိုးမြို့တိုက်နယ် ဆေးရုံ၊ ဘော်ဆိုင်းတိုက်နယ်ဆေးရုံ နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ များမှ ကျန်းမာရေးဝန်ထမ်း(၂၇၅)ဦး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးဌာန တို့မှ ဝန်ထမ်း(၆)ဦး ၊Volunteer (၁၅)ဦး၊  စုစုပေါင်း ( ၂၉၆ ) ဦးတို့အား ကိုဗစ် -၁၉ရော ဂါကာကွယ်ဆေး (ပထမအကြိမ်)  စတင်ထိုးနှံပေးခဲ့ပြီး ရက်သတ္တပတ် (၄) ပတ်ခြား၍ ဒုတိယအကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများကိုလည်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
 
သင်းသင်းမော် ( ပြန်/ဆက် )