ညောင်ဦး၊ ၂၈    ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ညောင်ဦးခရိုင် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်ထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂) ဦးမြင့်စိန်၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)