မိတ္ထီလာ၊    ၂၈    ဇန်နဝါရီ

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၆၃၂ ဦးအား ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက စတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း ခရိုင်ဆေးရုံအုပ် ဒေါက်တာညွန့်စိန် ထံမှ သိရသည်။

“ဒီနေ့ မနက်ပိုင်းက စတင်ပြီး ဆေးရုံက ကျန်းမာရေးဝန်ထမ်း  ၄ဝ၅ ဦး၊ ပြည်သူ့ကျန်းမာရေးဌာနက ၂၂၇ ဦး စုစုပေါင်း ၆၃၂ ဦးကို ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးတာဖြစ်ပါတယ်။  ဆေးရုံမှာ ရှိတဲ့နေရာ လေးနေရာမှာပဲ နေရာခွဲခြားပြီး ထိုးနှံပေးတာဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၈ ရက်နဲ့ မနက်ဖြန် ဇန်နဝါရီ ၂၉ ရက် နှစ်ရက် ခွဲခြားထိုးပေးသွားဖို့ စီစဉ်ထားပါတယ်။ နှစ်ရက်ခွဲခြား ထိုးနှံပေးမယ် ဆိုပေမယ့် ထင်တာထက် ကာကွယ်ဆေး ထိုးနှံပေးရတဲ့ သတ်မှတ်ဦးရေထက်ကျော်ရင် မနက်ဖြန် ထိုးနှံပေးမယ့်သူ စာရင်းတချို့ကိုလည်း ဒီနေ့ထိုးပေးတာဖြစ်ပါတယ်’’ဟု ခရိုင်ဆေးရုံ ဒေါက်တာညွန့်စိန်က ပြောပြသည်။

ချမ်းသာ(မိတ္ထီလာ)