မိုင်းဖြတ် ၊  ၂၉  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာနေ ပြည်သူ ၁၅၄၀  ရာသီမရွေး ဖြတ်သန်းသွားလာနိုင်မည့် ကွန်ကရစ်တံတား နှစ်စင်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အားမာန်ခေတ်ကုမ္ပဏီမှ ပြည်နယ် ခွင့်ပြုရန်ပုံငွေ (၁၈၉.၆၁၃)ကျပ်သန်းဖြင့် နမ့်ပန်ကျေးရွာ-မိုင်းဝီးကျေးရွာသို့ ဆက်သွယ်သွားလာနေသည့် (၆/၄)မိုင် မြေသားလမ်းပေါ်ရှိ ၇၀ပေ သံကူကွန်ကရစ်တံတားတစ်စင်းနှင့် ခွင့်ပြုရန်ပုံငွေ (၅၁.၄၃၇) ကျပ်သန်းဖြင့် ၂၀ပေ သံကူကွန်ကရစ်တံတား တစ်စင်းတို့ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းညွှန့်ဆွေထံက သိရသည်။

 

အဆိုပါ တံတားနှစ်စင်းဆောက်လုပ်ပြီးစီးသွားပါက နမ့်ပန်၊ ပူပါလောင်း၊  မိုင်းဝီး၊ မိုင်းဝီးစေတီရွာ ၊ ဟာပီးပါ၊ နာပေါ်တီ၊ မာထောင်၊ နမ့်ဟိုင်းစသည် ကျေးရွာ၈ရွာမှ အိမ်ထောင်စု ၂၅၆ စုရှိ လူဦးရေ ၁၅၄၀ တို့သည် ရာသီမရွေး လွယ်ကူချောမွေ့စွာဖြင့် ဖြတ်သန်းသွားလာ  နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)