မယ်စဲ့၊   ၂၉   ဇန်နဝါရီ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေများကို ဇန်နဝါရီ ၂၈ ရက်က မယ်စဲ့မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာများသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာတို့ရှိ ထပ်တိုးအိမ်ထောင်စု ၃၀ အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၀၀၀၀၀ ကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)