နတ်မောက်၊ ၂၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်၌ နိုင်ငံတော်၏ COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အလှူငွေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူနေကြသော အငြိမ်းစားဝန်ထမ်း ၁၃၉၄ ဦး၏ စုပေါင်းလှူဒါန်းငွေ ၉၄၄၂၅ဝ ကျပ်နှင့် မြို့နယ်လုပ်ငန်းရှင်များ စုပေါင်းလှူဒါန်းငွေ ၂,၅၈၀,၀၀ဝ ကျပ်၊ ဇန်နဝါရီ ၂၇ ရက်နေ့အထိ မြန်မာ့စီးပွားရေးဘဏ်သို့ လှူဒါန်းငွေ စုစုပေါင်း ၃,၅၂၄,၂၅ဝ ကျပ်ကို နေပြည်တော်ဘဏ်ခွဲရှိ COVID-19 ကာကွယ်ရေး ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းအမှတ် (OA-013733) သို့ ပေးပို့လှူဒါန်းခဲ့ရာ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ လှူဒါန်းငွေများကို ငွေလွှဲခဝန်ဆောင်မှု အခမဲ့ဖြင့် နေပြည်တော်ဘဏ်ခွဲသို့ ပေးပို့လှူဒါန်းခဲ့ကြောင်း မြန့်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သင်းသင်းဝေ(နတ်မောက်)


