၂၉ ဇန်နဝါရီ

 

 

ဂျပန်နိုင်ငံ အစိုးရ၏ နောက်ဆုံးရရှိသော အချက်အလက်အရ အလုပ်လက်မဲ့ ဦးရေမှာ အစောပိုင်းနှစ်ဖြင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလတွင် အလုပ်လက်မဲ့ဦးရေ ၄၉၀၀၀၀ ရှိလာသည်ဟု သိရသည်။

 

 

ကိန်းဂဏန်း ဖော်ပြချက်အရ အလုပ်လက်မဲ့ ဦးရေသည် ၁၁ လဆက်တိုက် မြင့်တက်လာခဲ့သည်။

 

 

ပြည်ထဲရေး ဝန်ကြီးဌာနက နောက်ဆုံးရ အချက်အလက်ကို ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ အလုပ်လက်မဲ့ ဦးရေ ၁ ဒသမ ၉ သန်းကျော် ရှိသည်။

 

 

အရေးပေါ် အခြေအနေ ကြေငြာခြင်း မပြုမီ စစ်တမ်းကောက်ယူမှု ပြုလုပ်ပြီးနောက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာခြင်း၏ အကျိုးသက်ရောက်မှုမှာ အကန့်အသတ် ရှိပုံပေါ်သည်ဟု ဝန်ကြီးဌာန အရာရှိများက ဆိုသည်။

 

 

ထိုဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်းကို ထုတ်ပြန်ခဲ့သည်။ ကိန်းဂဏန်း ဖော်ပြချက်အရ ၂ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။

 

 

၂၀၁၉ ခုနှစ်က အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။

 

 

ကိန်းဂဏန်း ဖော်ပြချက်အရ ယမန်နှစ်က အလုပ်လက်မဲ့ ဦးရေ မြင့်တက်ခဲ့ပြီး ထိုမြင့်တက်မှုသည် ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို