ကျွန်းစု၊  ၂၉  ဇန်နဝါရီ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအား  ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြကျွန်းသာပန်းခြံကွင်းပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး၊ နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသူများမှ လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အစည်းအဝေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)