ကော့ကရိတ်၊    ၂၉        ဇန်နဝါရီ                      

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် လောင်းကိုင်ကျေးရွာ ရွာတွင်းလျှပ်စစ်မီးရရှိခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

 

အဆိုပါ လျှပ်စစ်မီးရရှိရေးအတွက်  လမ်းမီးတိုင် မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေ ကျပ်(၃၉၆)သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး မီးကြိုးအရှည် ပေ(၉၅၅၀) ရှိသော မီးတိုင် (၅၉)တိုင်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ယခုအခါ ထိုစီမံကိန်းလုပ်ငန်းခွဲအားဖြင့်  ကျေးရွာတွင်နေထိုင်သော အိမ်ထောင်စု (၂၂၅) စု လူဦးရေ (၉၇၀)ဦးအတွက် လုံခြုံစိတ်ချစွာဖြင့် အချိန်မရွေး သွားလာနိုင်၍ အရေးပေါ် အခြေအနေများ အတွက် များစွာအဆင်ပြေလျက်ရှိပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင်  အထောက်အကူများစွာ ရရှိလျက်ရှိကြောင်း သိရသည်။

 

 (ခရိုင် ပြန်/ဆက်)