ဘားအံ၊ ၂၉ ဇန်နဝါရီ
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး Top Form Myanmar Co.,Ltd ၏ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံစက်မှု ဇုန်(၂)၊ မြေကွက်အမှတ်(၁၆၂/၁၆၉)၊ အမှတ်(၁၀၉၈-က)တွင် တည်ရှိသည့် မြေ(၁၈)ဧကတွင် CMP စနစ်ဖြင့် အထည်ချုပ် လုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြမည့်ကိစ္စ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြေညာစာအမှတ် ၁၀/၂၀၁၇ ကို ပြန်လsည်ပြင်ဆင်သုံးသပ်ခြင်းနှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက် တောင်းခံခြင်းကိစ္စနှင့် Hotel Conqueror Co.,Ltd ကုမ္ပဏီလိမိတက်မှ ဟိုတယ်တည်ဆောက်မှု/ပြင်ဆင်မှုကာလ ထပ်တိုးခွင့်ပြုပါရန် တင်ပြလျောက်ထားလာခြင်းတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(မြို့နယ်ပြန်/ဆက်)


