ဟိုပုံး၊ ၂၉ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေကျပ် ၁၉၂ သန်းဖြင့် ဟိုပုံးမြို့နယ်၊ တိလုံ ကျေးရွာအုပ်စုနှင့် လုံခုတ်ကျေးရွာအုပ်စုရှိ နမ့်ပေါ်ဟွန်း-သက်သာ-ပုံချောင် မြေလမ်းအား (၁/၄)မိုင် ကျောက်ခင်းခြင်း(ကတ္တရာပံ့ပိုး)လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအချိန်မီ ပြီးစီးရေးနှင့်အရည် အသွေးကောင်းမွန်ရေးအတွက် တာဝန်ရှိသူတို့မှ ကွင်းဆင်း စစ်ဆေးခဲ့ရာ (ကတ္တရာပံ့ပိုး) ကျောက်ခင်းခြင်းလုပ်ငန်း (၁/၄)မိုင်အနက် (၀/၆)မိုင်ပြီးစီးကြောင်း သိရသည်။
အဆိုပါမြေသားလမ်း(၁/၄)မိုင်အား ဆောင်ရွက်ပြီးစီးပါက ရှမ်းပြည်နယ်တစ်ခုလုံးနှင့် အခြား တိုင်းပြည်နယ်များသို့ သွားလာရန် ယခင်ထက်ပိုမိုလွယ်ကူမှုရှိပြီး ဒေသအတွင်း လမ်းပန်း ဆက်သွယ်ရေးကောင်းမွန် လာခြင်းကြောင့် ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ (၁၀) ရွာ၊ အိမ်ခြေ (၁၀၂၀)၊ အိမ်ထောင်စု(၁၀၂၆)၊ လူဦးရေ(၅၁၃၀)ခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်ထက်ပိုမိုဖွံဖြိုးတိုးတက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝ များတိုးတက်လာကာ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟခြင်း နည်းပါးလာ မည်ဖြစ်ကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


