နေပြည်တော်၊ ၂၉ ဇန်နဝါရီ
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ ဆရာတော်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်အသီးသီးရှိ ကျောင်းတိုက်များတွင် သီတင်းသုံး နေထိုင်လျက်ရှိပြီး ယနေ့ မွန်းလွဲ ၂ နာရီတွင် အွန်လိုင်း အစည်းအဝေး ကျင်းပခဲ့ကြသည်။
အစည်းအဝေးတွင် ကျင်းပပြီးစီးခဲ့သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲကို အကြောင်းပြု၍ နိုင်ငံတော်တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို ရဟန်း ရှင်လူ ပြည်သူများ စိုးရိမ်ကြောင့်ကျ နှလုံးစိတ်ဝမ်း မအေးချမ်းဘဲ ရှိနေကြသည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်သံဃနာယကအဖွဲ့ဆရာတော်ကြီးများက သဘောတူဆုံးဖြတ်ထားသည့် မေတ္တာရပ်ခံချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ မေတ္တာရပ်ခံချက်မှာ-


