မိုင်းဆတ်၊ ၃၀ ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခွဲစိတ်ခန်းပါ (၂)ထပ်လူနာဆောင် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဇန်နဝါရီ ၃၀  နံနက် ၈ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံဝင်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန် ဒေါက်တာသန်းဝင်းနှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာအသီးသီး၌ ပန္နက်များရိုက်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

 

အဆိုပါ ခွဲစိတ်ခန်းပါ (၂)ထပ်လူနာဆောင်မှာ RC အမျိုးအစားဖြစ်ပြီး အလျား (၁၁၇)ပေ၊ အနံ (၆၈)ပေ၊ အမြင့်(၂၇)ပေရှိကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)

 

 2.JPG