ခေါင်လန်ဖူး၊  ၃၀  ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီက ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။

 

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကုသရေးဦးစီးဌာနမှ ဝန်ထမ်း ၁၀ ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်း ၁၀ ဦး၊ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၂၀ တို့အား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ယင်းကာကွယ်ဆေး ထိုးနှံထားသူများသည် ဖေဖော်ဝါရီ ၂၇ ရက်တွင်ဒုတိယအကြိမ် ပြန်လည်ထိုးနှံရမည်ဖြစ်ကြောင်းနှင့် တစ်ဦးလျှင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီထံမှ သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး၍ ကျန်းမာရေးပြဿာနာများ ဖြစ်ပေါ်လာပါက အချိန်မီကုသစစ်ဆေးခြင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိခြင်းနှင့် ကာကွယ် ဆေးထိုးနှံခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)