ဂန့်ဂေါ ၊ ၃၀ ဇန်နဝါရီ
ဂန့်ဂေါမြို့နယ် ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဇန်နဝါရီ ၂၉ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီ ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးသည်။
ထိုသို့ ထိုးနှံရာတွင် ဂန့်ဂေါမြို့နယ်ရှိ ကျန်းမာရေးဌာနဝန်ထမ်း ၄၁၂ ဦး၊ အား/ကာဝန်ထမ်း ၁၀ ဦး၊ တိုင်းရင်းဆေးဝန်ထမ်း ၃ ဦးတို့အနက် ကိုယ်ဝန်ဆောင် ၊ နို့တိုက်မိခင် နှင့် ဖျားနာသူများချန်လှပ်၍ ၃၈၃ ဦးကို ထိုးနှံပေးခြင်းဖြစ်သည်။
အလားတူ ဂန့်ဂေါခရိုင်အတွင်းရှိ ကျန်းမာရေးဌာန၊ အား/ကာ၊ တိုင်းရင်းဆေးဌာန ဝန်ထမ်းများ ထီးလင်းမြို့နယ်တွင် ၁၇၀ တို့အားလည်းကောင်း၊ ဆောမြို့နယ်တွင် ၂၀၇ ဦးတို့အားလည်းကောင်း အဆိုပါနေ့ တွင် အသီးသီးထိုးနှံပေးကြကြောင်း သိရသည်။
၁၄၄


