နေပြည်တော်၊ ၃၀ ဇန်နဝါရီ
ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် ညနေ ၆ နာရီတွင် သတင်းအရ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတားတွင် ပင်လောင်းဘက် မှ ပေါင်းလောင်းဘက်သို့ အာကာစိုးမိုး(ခ) အာကာ၊ မောင်းနှင်ပြီး ပြည့်စုံဦး လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း သိမ်းဆည်းရမိခဲ့ပြီး ယင်းဆေးပြားများကို တန့်ယန်း မြို့၊ အမှတ်(၄)ရပ်ကွက်နေ စိုင်းနောင်(ခ) စိုင်းကျော်လင်း က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့ မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။
သတင်းစဉ်