ဖလမ်း၊ ၃၁ ဇန်နဝါရီ
ဖေဖော်ဝါရီ (၂၀)ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ဖွင့်ပွဲနှင့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း၌ တစ်ပါးတည်း ဆောက်ရွက်စီစဉ်လျက်ရှိပြီး ပွဲတော်နှင့် လေယာဉ်ကွင်းဖွင့်ပွဲ ဆောင်ရွက်မည့် အခြေအနေများကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ရှင်းလင်းဆောင်၌ ရောက်ရှိပြီး ချင်းအမျိုးသားနေ့ပွဲတော်နှင့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ဖွင့်ပွဲပြုလုပ်မည့် စီမံချက်များကို ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စီမံချက်နှင့်ပတ်သက်ပြီး အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ချင်းအမျိုးသားနေ့ ဖွင့်ပွဲ မုခ်ဦးတည်ဆောက်မည့် နေရာ၊ စင်မြင့်တည်ဆောက်မည့်နေရာ၊ အရေးကြီးပုဂ္ဂိုလ်များအား ဧည့်ခံကျွေးမွေးမည့် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ပြည်နယ်အဆင့်ဖြင့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ဖွင့်ပွဲနှင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


