ရွာငံ၊ ၂  ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ အင်းကုန်း ကျေးရွာရှိ လယ်ယာမြေဧက ၇၀၀ မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အင်းကုန်းကျေးရွာကုန်ထုတ်လမ်းမှာ အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ ထု မြေသား ၂ ပေ၊ ဗြုန်းကျောက် ၆ လက်မ ခင်းခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဒသမ ၃၃၆ သန်းဖြင့် တင်ဒါအောင်မြင်သော သော်တာညို ကုမ္ပဏီက ယခုနှစ် ဇန်နဝါရီလအတွင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်က ပြောပြသည်။

အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်နှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ၊ ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ဖေဖော်ဝါရီ  ၂  ရက်  နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး အလေးထားဆောင်ရွက်သွားကြရန် မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားခဲ့ကြောင်း  သိရသည်။

ငြိမ်းသူ