၂ ဖေဖော်ဝါရီ

 

တောင်အာဖရိကတွင်  ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ တွေ့ရှိပြီးနောက် ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါစမ်းသပ် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်ထားသည်။

 

ဗြိတိန် ကျန်းမာရေး အာဏာပိုင်များက ထိုဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၀ ကျော် တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၁ ဦးသည် ပြည်ပခရီးသွားများနှင့် ဆက်စပ်မှု မရှိသူများ ဖြစ်သည်ဟု ဆိုသည်။

 

ဗီဇပြောင်း ကိုဗစ်ပိုး တွေ့ရှိကြောင်း အတည်ပြုထားသည့် ခရိုင်များတွင် လူဦးရေ ၈၀၀၀၀ အထိ စမ်းသပ်စစ်ဆေးသွားမည် ဖြစ်သည်။ အာဏာပိုင်များက ရောဂါကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိသူများကို စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်သွားရန်လည်း စီစဉ်ထားသည်။

 

ဗြိတိန်နိုင်ငံသို့ ပြည်ပမှရောက်ရှိလာသူများ အားလုံးသည် ကိုဗစ်ရောဂါ ကင်းစင်ကြောင်း စမ်းသပ်စစ်ဆေးချက်ပြရန်နှင့် ၁၀ ရက်ကြာ ကွာရန်တင်း နေထိုင်ရန် လိုအပ်သည်။

 

ဗြိတိန်နိုင်ငံသည် မူလတွေ့ရှိရသော ဗီဇပြောင်းမျိုးကွဲထက် ပိုမိုကူးစက်မှု မြန်သည်ဟု ယူဆရသည့် အခြားသော ဗီဇပြောင်း ကိုဗစ်ရောဂါနှင့်လည်း ရင်ဆိုင်နေရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို