မိုးနဲ၊  ၂   ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် သောက်သုံးရေ အခက်အခဲ ကြုံနေသည့် ကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရွှေပိုးပရဟိတအသင်းတို့ ပူးပေါင်းကာ သောက်သုံးရေများကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၇ နာရီက မိုင်းနူစံကျေးရွာသို့ သွားရောက်လှူဒါန်းကြောင်း သိရသည်။

လှူဒါန်းရာတွင် မိုးနဲမြို့ရွှေပိုးပရဟိတအသင်းနာယက စိန်တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကိုကိုသက် နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေအခက်အခဲရှိသော  အိမ်ခြေ ၁၀၀ ကျော်မှ ပြည်သူ ၆၀၀ ကျော် နေထိုင်လျက်ရှိသော မိုင်းနူစံကျေးရွာသို့ ‌သောက်သုံးရေ ဂါလန် ၁၆၀၀ ကို သွားရောက်လှူဒါန်းပေးခြင်း ဖြစ်ကြောင်းသိရသည်။ အလားတူ လွိုင်ချိုကျေးရွာသို့ လည်း ရေဂါလန် ၈၀၀ ကို ဆက်လက်လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(ပြန်/ဆက်)