၂ ဖေဖော်ဝါရီ
ကိုလံဘီယာနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၂၈၉ ဦး ရှိပြီး သေဆုံးသူပေါင်း ၅၄၂၇၂ ဦး အထိရှိလာကြောင်း ကျန်းမာရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၆၂၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ကူးစက်ခံရသူ ၂၁၀၄၅၀၆ ဦး အထိ ရှိလာသည်။
ကိုလံဘီယာနိုင်ငံတွင် ဘရာဇီး ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနှစ်ဦး တွေ့ရှိခဲ့သည်ဟု ကိုလံဘီယာကျန်းမာရေးအမျိုးသား အင်စတီကျု့က ယမန်နေ့က အတည်ပြုခဲ့သည်။
ကိုလံဘီယာ အစိုးရက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ခဲ့သည်။
ပြည်သူများ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဘေးကင်းလုံခြုံရေး အစီအမံများ လိုက်နာရန်နှင့် လူစုလူဝေးကို ရှောင်ကြဉ်ကြရန် အစိုးရက တိုက်တွန်းပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို