ရိခေါ်ဒါရ်     ၊ ၃    ဖေဖော်ဝါရီ   

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာန၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာအသိပညာပေး ပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဖေဖော်ဝါရီ ၂ ရက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာ စီစဉ်မှုဖြင့် ရပ်ကွက် ပြည်သူများ “နေထိုင်မှုပုံစံအသစ် ခေါင်းစဉ်ဖြင့် မြန်မာဘာသာစကားနှင့် ဒေသမီဇိုးချင်းဘာသာ စကားနှစ်မျိုးဖြင့် ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ဗီနိုင်းပိုစတာ ၁၀ ခု အား ရိခေါ်ဒါရ်မြို့ ရပ်ကွက်နှစ်ခုအတွင်းရှိ အဓိကလမ်းမကြီးများ၊ လမ်းဆုံလမ်းခွများနှင့် ရိရေကန်အနီး၌ စိုက်ထူထားပြီး လက်ကမ်းစာစောင် (၂၃၀ဝ)ကို ရပ်ကွက်နှစ်ခုစလုံး၌ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာများနှင့် လက်ကမ်း စာစောင်များကို စေတနာ့အလှူရှင် ဦးထန်ဇစိန် (ကျေးဇူးရှင် မိသားစု)မှ လှူဒါန်းပေး ခြင်းဖြစ်ပြီး ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများကို ကျန်းမာရေး ဌာန၊ မီးသတ်ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရပ်ကွက်လူငယ်များပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

လာလ်ပက်လောမ် (ပက်ကာ)