ကလေး၊ ၃ ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြု လူနာ(၄)ဦးတို့သည်  ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါဆေးရုံဆင်းခွင့်ရရှိကြသူများမှာ ကလေးမြို့ ပင်လုံရပ်ကွက်မှ အမျိုးသမီး(၂)ဦးနှင့် ချမ်းမြေ့အောင်စည်ရပ်ကွက်မှ အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦးတို့ဖြစ်ကြပြီး သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ဆေးရုံဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး ဆေးရုံဆင်းပြီးနောက်လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ တိကျလိုက်နာစေရန်မှာ ကြားခဲ့ကြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာစုစုပေါင်း (၄၈၀)ဦး အထိရှိကာ (၄၃၄)ဦးမှာဆေးရုံဆင်းခွင့်ရရှိကြပြီး သေဆုံးသူ (၁၅)ဦး အထိရှိကာ ကျန်ရှိနေသည့်အတည်ပြုလူနာ(၃၁)ဦးတို့ကို ပြည်သူ့အငှားအိမ်ရာနှင့် တိုင်းရင်း ဆေးရုံရှိအထူးကြပ်မတ်ကုသဆောင်တို့တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)