ကျောက်ထု  ၊ ၃ ဖေဖော်ဝါရီ 

ပခုက္ကူ- ပေါက်- ကျောက်ထု- မင်းတပ်ကားလမ်း ပြည်ထောင်စုလမ်း ကျောက်ထုမြို့အနီးရှိ ယောချောင်းကူး ဂုံဘိုတံတားသစ်ဆောက်လုပ်ရန် ဇန်နဝါရီ ၁၆ ရက်က မြေသန့်မင်္ဂလာပြုလုပ်ခဲ့ရာ ယခုအခါ တွင် ကွန်ကရစ်တိုင်များစိုက်ထူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါ ဂုံဘိုတံတား (ယောချောင်းကူး) အား တံတားဦးစီးဌာန တည်ဆောက်ရေး(၁) တံတားအထူး အဖွဲ့(၃) ပခုက္ကူ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်နိုင်ကိုကိုအဖွဲ့မှ တာဝန်ယူတည်ဆောက်ခြင်း ဖြစ်သည်။ 

တံတားအရှည် ပေ(၇၀၀) ယာဉ်သွားလမ်းအကျယ် (၂၄)ပေ ကို 1.2mø ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်အောက်တည်၊ သံကူကွန်ကရစ်အပေါ်ထည်တို့ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် စီမံကိန်းတန်ဖိုး ကျပ်သန်း ၂၃၄၆ ဖြစ်ပြီး၂၀၂၀ ၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် ရရှိရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မောဟေမာန်(ပြန်/ဆက်)