နေပြည်တော်၊ ၃ ဖေဖော်ဝါရီ
ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီခွဲတွင် ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေမင်းဖုန်းကျေးရွာနေ ဇော်ဝင်းမောင်(ခ)ပလောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၂၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား