ပုဂံ ၊ ၅ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့အတွင်းရှိအများ ပြည်သူများ လျှပ်စစ်ဓာတ်အားကို ယခင်ကထက် ပိုမိုတိုးချဲ့သုံးစွဲနိုင်ရန် လျှပ်စစ်ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်တည်ဆောက်လျှက်ရှိကြောင်း ပုဂံမြို့လျှပ် စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းထံမှ သိရှိရသည်။
အဆိုပါ အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းသီးခြား ငွေထုတ်စာရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ကျခံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပုဂံမြို့ဟောင်းရပ်တွင် (၁)လုံး၊ တောင်ဘီရပ်တွင် (၁)လုံး၊ မင်္ဂလာသာစည်ရပ်တွင် (၁)လုံး၊ သီရိ မင်္ဂလာတိုးချဲ့(၄)ရပ်တွင် (၁)လုံးနှင့် စည်ပင်သာယာရပ်တွင်(၁)လုံးတို့အားတိုးချဲ့တပ်ဆင် တည်ဆောက်လျှက်ရှိကြောင်း၊ ထရန်စဖော်မာ များနှင့်အတူ ဆက်စပ်(၁၁) ကေဗွီဓာတ်အားလိုင်းနှင့်(၄၀ဝ)ဗို့ဓာတ်အားလိုင်းများကိုပါ တပါတည်း တပ်ဆင်တည် ဆောက်လျှက်ရှိကြောင်း ပုဂံမြို့လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းက ရှင်းပြသည်။
ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တပ်ဆင်တည်ဆောက်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားကို ယခင်ထက် ပိုမိုတိုးချဲ့သုံးစွဲနိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် လျှော့နည်းကျဆင်းကာ လျှပ်စစ်ဓာတ်အားကို ဝန်အားနိုင်နင်းစွာဖြင့် စံချိန်စံညွှန်း နှင့်အညီ ဗို့အားပြည့်ပြည့်ဝဝနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်နှင့် လျှပ်စစ် ထရန်စဖော်မာများ ချို့ယွင်းပျက်စီးလောင်ကျွမ်းခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်းဖြစ်ကြောင်း ပုဂံမြို့လျှပ်စစ် မန်နေဂျာ ဦးမျိုးမင်းထွန်းထံမှ သတင်းရရှိသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


