မိုင်းယောင်း ၊ ၅ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကာလအတွင်း တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း သုံးကျောင်းသို့ ဌာနဆိုင်ရာများ စုပေါင်း၍ အခြေခံစားသောက်ကုန်များကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက ဒုတိယအကြိမ် သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သိရသည်။

 

လှူဒါန်းရာတွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ စသည့် အခြေခံစားသောက်ကုန်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးမျိုးမြင့်ဦး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထေရဝါဒ ဗုဒ္ဓသာနာပြု(ဗဟို) ကျောင်း၊ ထေရဝါဒ ဗုဒ္ဓသာနာပြု(ဝမ်ဇလီလော်)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာနာပြု(မိုင်းဟန်) ကျောင်းတိုက်များသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

 

စိုင်းအောင်ဇော်လင်း