မြန်အောင်၊ ၅ ဖေဖော်ဝါရီ
မြန်အောင်ပြည်သူ့ဆေးရုံ၌ မြို့နယ်ကျန်းမာဝန်ထမ်းများကို ဖေဖော်ဝါရီ ၅ ရက် နံနက်က မြန်အောင် ပြည်သူ့ဆေးရုံ ပြင်ပလူနာဆောင်တွင် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက် ရှိသည်။
မြန်အောင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်း ဦးဆောင်၍ ကိုဗစ်ကာကွယ်ဆေးကို နှစ်ရက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပထမရက်တွင် ဆေးရုံဝန်ထမ်း ၁၀ဝ ကျော်ကို စတင် ထိုးနှံပေးပြီး ကာကွယ်ဆေးမထိုးခင် အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်၍ ဆေးထိုးခြင်း ဖြစ်ပြီး ဆေးထိုးပြီးပါကလည်း နာရီဝက်စောင့်ကြည့်ပေးကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ မြို့နယ်ကျန်းမာရေး ဝန်ထမ်း ၂၉၃ ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်း နှစ်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်း ခြောက်ဦး စုစုပေါင်း ၃၀၁ ဦးကို ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)


