၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၅  ရက်

 

၁။         ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် နိုင်ငံတော်အတွင်း မူလ အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲပြောင်းပေးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး ဖြစ်ပါသည်။

 

၂။         နိုင်ငံတော်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရေး ဖြစ်စဉ်များတွင် မဲမသမာမှုများပေါ်ပေါက်ခဲ့သဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျက်ရှိပါသည်။

 

၃။         သို့ပါ၍ သက်ဆိုင်ရာလွှတ်တော်အသီးသီးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးထားသော လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာများသည် မဲမသမာမှုများ အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိကြောင်း အသိပေးကြေညာလိုက်သည်။

 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်