ရန်ကုန် ၊ ၅ ဖေဖော်ဝါရီ
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သံရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှအိန္ဒိနိုင်ငံသို့ သွားရောက်မည့် ခရီးသည်များနှင့် မြန်မာနိုင်ငံသို့ ပြန်သည့်မြန်မာနိုင်ငံသားတို့အတွက် ရန်ကုန် - နယူးဒေလီ Relief Flight ခရီးစဉ်ကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရန်ကုန်-နယူဒေလီ ခရီးစဉ်တွင် ကယ်ဆယ်ရေးခရီးစဉ်ပါဝင်သောကြောင့် လိုက်ပါမည့် ခရီးသည်များ အနေဖြင့် အိန္ဒိနိုင်ငံသို့ဝင်ရောက်ရာ၌ လိုအပ်သောစာရွက်စာတမ်း အထောက်အထား စုံလင်စွာ ပါရှိရမည်ဖြစ်ပြီး အသေးစိတ်သိလိုပါက MNA Call Center 0951 378603၊ 01-06-07-081- 0951 377840 /41/42 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ထိုခရီးစဉ်၌ ဖေဖော်ဝါရီ ၉ ရက်နေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၉ နာရီ ၄၅ မိနစ်တွင် ထွက်ခွာမည့် ခရီးစဉ်အမှတ် UB-7003 မှာ နယူးဒေလီမြို့သို့ နေ့လယ် ၁၂ နာရီခွဲတွင် လည်းကောင်း၊ နယူးဒေလီမြို့မှ မွန်းလွဲ ၂ နာရီ တွင်ထွက်ခွာမည့် ခရီးစဉ်အမှတ် UB-7004 မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၆ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ဆိုက်ရောက်မည် ဖြစ်ပြီး နယူးဒေလီ-ရန်ကုန် Relief Flight ခရီးစဉ်သည် ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံသံရုံးမှ ထုတ်ပြန်ထားသော ခရီးသည်စာရင်းအတိုင်း ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း Myanmar National Airlines မှ သိရသည်။
သန်းထိုက်
ဓာတ်ပုံ - မြန်မာအမျိုးသားလေကြာင်း(MNA)


