၅ ဖေဖော်ဝါရီ
စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း ၅၉၆၂၄ ဦး အထိရှိလာကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။
ထပ်မံကူးစက်ခံရသူ အားလုံးမှာ ပြည်ပမှ ပြန်လာသူများ ဖြစ်သည်။
ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၅၉၃၄၈ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
ရောဂါကူးစက်ခံရသူ ၃၈ ဦးသည် ဆေးရုံများတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။ ၎င်းတို့အနက် အများစုသည် ကျန်းမာရေး တိုးတက်ကောင်းမွန်လာပြီး အထူးကြပ်မတ်ဆောင်တွင် အခြေအနေ စိုးရိမ်ရသူ မရှိကြောင်း ဖော်ပြထားသည်။
စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၉ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို