မင်းတပ်၊ ၅ ဖေဖော်ဝါရီ
မင်းတပ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာနှင့် အမှုဆောင်အရာရှိတို့၏ ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် မင်းတပ်မြို့ လမ်းဆုံလမ်းခွများ၌ မီးပွိုင့်တစ်စုံ၊ မီးဝါလုံးများနှင့် CCTV များ တပ်ဆင်ကြောင်းသိရသည်။
မင်းတပ်မြို့ရှိ လမ်းဆုံလမ်းခွနေရာများ၌ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် မီးပွိုင့်တစ်စုံ၊ မီးဝါလုံးတိုင် ၉ ခုနှင့် CCTV ၁၉ လုံး တပ်ဆင်နေပြီဖြစ်ကြောင်း၊ အဆိုပါ မီးပွိုင့်တစ်စုံ၊ မီးဝါလုံးတိုင် ၉ ခုနှင့် CCTV ၁၉ လုံးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၃ ဖြင့် တပ်ဆင်ခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မေသူလက်ထံမှ သိရသည်။
အဆိုပါ မီးပွိုင့်တစ်စုံ၊ မီးဝါလုံးတိုင် ၉ ခုနှင့် CCTV ၁၉ လုံးတို့ကို တပ်ဆင်ခြင်းဖြင့် ပြည်သူများ ဆိုင်ကယ်များနှင့်ယာဉ်များ မောင်းနှင်ရာတွင် စည်းကမ်းရှိရှိ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာမောင်းနှင်ကြရန် ရည်ရွယ်၍ တပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
ခွီရှိန်းမောင်း(မင်းတပ်)


